၇ စက်တင်ဘာ ၂၀၂၃

ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့  သဖြင့် သစ်တောဖုံးလွှမ်းမှု သည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့တယ် လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

စက်တင်ဘာ (၇)ရက် ကြာသပတေးနေ့က နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်တဲ့  ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုလိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

သစ်တောထူထပ်ပြီး အဖိုးတန်သစ်တောတွေရှိသည့် မိမိတို့နိုင်ငံကို နယ်ချဲ့ များက မတရားကျူးကျော်မှုများ ပြုလုပ်ခဲ့ကြပြီး အတိုင်းအဆမရှိ သစ်တောများကို ခုတ်လှဲယူခဲ့ကြတယ်လို့လည်းဗိုလ်ချူပ်မှူးကြီးကပြောတယ်လို့ နစကရဲ့ သတင်း   ထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။

သစ်တောသစ်ပင်များပြန်လည်ထူထောင် ဖြည့်တင်းခြင်း များကို မှန်မှန်ကန် ကန်ဆောင်ရွက်မှုမရှိပါက သဘာဝတရား၏ရိုက်ခတ်မှုဒဏ်ကို ခံကြရမှာဖြစ်လို့ သစ် တောများနှင့်နီးကပ်နေသည့် ကျေးလက်ဒေသများတွင် သစ်ပင်သစ်တောများကို ထိန်း သိမ်းကြရေးနှင့် မြို့ပြများတွင် နေထိုင်ကြ သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု ရရှိစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လွှမ်းခြုံ  ဆောင်ရွက်ဖို့လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။

မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုများကို ကြုံတွေ့နေရပြီး ယခင်   နေပြည်တော်ဒေသ၏ ရာသီ ဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှအပူချိန် ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိခဲ့ရာ ယခုအချိန်တွင် ပျမ်းမျှ အပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီ ဂရိတ်အထိ တိုးမြင့်လာတယ်လို့ တပ်မတော်ကာကွယ်ရေးဦီးစီးချုပ်က သတိပေး  ပြောဆိုပါတယ်။

၂၀၁၁ ခုနှစ်မှစပြီး သစ်ပင် စိုက်ပျိုးပွဲတွေကို နှစ်စဉ်ကျင်းပပြုလုပ်ပေးခဲ့ရာမှာ ၂၀၂၃ ခုနှစ် တတိယအကြိမ် သစ်ပင် စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း ၁၉၀,၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၁၀၉,၈၈၅ ပင်ရှင်သန်ဖြစ်ထွန်းခဲ့တဲ့အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ရှင်သန်ဖြစ်ထွန်းသည်ကို တွေ့ရှိရတယ်လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။

အဲဒါကြောင့် စိုက်ပျိုးကြသည့်  သူများက ရှင်သန်မှုရှိအောင် စိုက်ပျိုးကြရန် လို  သကဲ့သို့ ထိန်းသိမ်းရန် တာဝန်ရှိသူများအနေဖြင့်လည်း ရာနှုန်းပြည့် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြဖို့ကိုလည်း ဗိုလ်ချူပ်မှူးကြီးကအလေးပေးပြောကြားခဲ့ပါတယ်။

ယခုသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သစ်ပင်စိုက်ပျိုးပွဲသို့ နစကဥက္ကဋ္ဌနှင့်ဇနီး၊ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ တပ်မတော် ထိပ်တန်းနှင့် အဆင့်မြင့်အရာရှိကြီးများအပါအဝင် အရာရှိ၊စစ်သည်နှင့် မိသားစုဝင်များ တက်ရောက်စိုက်ပျိုးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

-ymg/knl