အင်းစိန်မြို့နယ်၊လှိုင်မြို့နယ်နဲ့လှည်းကူးမြို့နယ်များအတွင်းပစ်ခတ်တိုက်ခိုက်မှု ဆောင်ရွက်နေသော Moon Light Operation အဖွဲ့မှ Star Light Operation အဖွဲ့ဝင် (၂၇) ဦးအား လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်
လို့ သတင်းပြန်ကြားရေးအဖွဲ့က ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်းထုတ်ပြန်ရာမှာMoon Light Operation အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေး Star Light Operation အဖွဲ့အား တွံတေးမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၊ တွံတေးမြို့ မရဲစခန်း၊ ဘုရား ငုတ်တိုကျေးရွာရဲကင်းနှင့်ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ၁ ဦးအား လည်းကောင်း၊ လှည်းကူးမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ မြေစာရင်းရုံး၊ EPC ရုံး၊ သမဝါယမရုံး၊ မြိုမရဲစခန်းနှင့်၃လမ်းဆုံလုံခြုံရေးစခန်းတို့အားလည်ကောင်း၊ ဒလမြို့နယ်ရှိ မှော်စက်ရစဖရုံး၊ မြို့ဝင်ဆိပ်ကြီးနှင့် လုံခြုံရေးစခန်းတို့အား လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ထွေ/အုပ်ရုံး၊ စည်ပင်ရုံးနှင့် ကညနရုံးတို့အား လည်းကောင်း၊ မရမ်း ကုန်းမြို့နယ်ရှိ မြို့နယ်ရဲစခန်း၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ EPC ရုံးနှင့် လမ်းဆုံမီးပွိုင့်တို့အား လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ရန် ညွှန်ကြားစေခိုင်းထားတာဖြစ်တယ်လို့သိရပါတယ်။

သတင်းထုတ်ပြန်ရာတွင်ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁ ရက်တွင် လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၌ ခင်မောင်ချို (ခ)ချာတိတ် (၆၂)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ပါရမီလမ်း၌ဇေယျာလင်း(၃၄)နှစ်အားထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
    
တရားခံ ခင်မောင်ချို(ခ)ချာတိတ် ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂ ရက် တွင် လှည်းကူးမြို့နယ်၊ ဒကူတုန်းကျေးရွာနေ ဖမ်းဆီးရန်ကျန် တရားခံ ကိုအောင်(ခ) အောင်အောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ကျော်ကျော်လွင်(၂၉)နှစ်နှင့် အေးအေးမွန်(၃၃)နှစ်တို့ ၂ ဦးအား ယမ်းမှုန့် ၁ ထုပ်၊ လက်လုပ်ဒုံးသီး ၇ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ လက်လုပ်ချိန်ကိုက်မိုင်း ၂ လုံး၊ ဂြိုလ်တုဖုန်း ၃ လုံး၊ Laptop ၃ လုံး၊ CD ၅၀ ချပ်ပါ ၁ ထုပ်၊ ဂျင်ကလိ ၂ ချောင်း၊ M-22 ကျည် ၆၅ တောင့်၊ ပြုလုပ်ဆဲ လက်လုပ်ဗုံး ၄၀ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
    
တရားခံ အေးအေးမွန်၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၂ ရက်တွင် ဒကူတုန်းကျေးရွာ၊ အနောက်ဘက် တောင်ယာတဲအတွင်းမှ စိုးကြူမျိုး(ခ)အာနိုး (၂၁)နှစ်အား M-16 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ M-22 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၁၂ ဗို့သေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်၊ ၅.၅၆ ကျည် ၅၀ တောင့်၊ ၁၂ဗို့ကျည်၂၀တောင့်တို့နှင့်အတူထပ်မံဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်
    
    
တရားခံ ခင်မောင်ချို(ခ) ချာတိတ်၏ ထွက်ဆိုချက်အရ ကိုကျော်မင်းယု(ခ)ဂျင်မီ ဦးဆောင်သော Moon Light Operation အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စောသက်ထွန်း (ခ)တည်ကြည် နှင့် တင်မောင်လွင် တို့မှ Star Light Operation အဖွဲ့အား အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဩဂုတ်လ ၈ ရက်တွင် အင်အား(၂၀)ဦးဖြင့် စတင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ Star Light Operation အဖွဲ့အား အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လက်နက်/ခဲယမ်းများအား အောက်တိုဘာလ ၇ ရက် တွင် Moon Light Operation အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံ စောသက်ထွန်း(ခ)တည်ကြည် သည် အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သော NUG မှ တရားခံပြေး လွင်ကိုလတ် နှင့် ဆက်သွယ်၍ Star Light Operation အဖွဲ့ခေါင်းဆောင် ခင်မောင်ချို(ခ)ချာတိတ် ထံသို့  M-16 (၄) လက်၊ AK-47 (၂)လက်၊ MK-12 (၂)လက်၊ 12-V Short Gun (၂)လက်၊ ၉မမ ကျည် (၁၈၀)တောင့်၊ AK-47 ကျည် (၃၆၀)တောင့်၊ M-16 ကျည် (၃၅၀)တောင့်တို့အား တွံတေးမြို့နယ်၊ ကျွဲလမ်းရွာရှိ ငါးကန်တွင် ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
       
ဖြစ်စဉ်တွင် တရားခံ ကျား ၂၂ ဦး၊ မ ၅ ဦး၊ ပေါင်း ၂၇ ဦး၊  လက်နက်ငယ်မျိုးစုံ ၅ လက်၊ တူမီးသေနတ် ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ယမ်းမှုန့် ၁ ထုပ်၊ လက်လုပ်စိန်ပြောင်း ၆ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၇၅ လုံး၊ လက်လုပ်ဗုံးမျိုးစုံ ၁၂၆ လုံး၊ ဂျင်ကလိ ၆၇ ချောင်း၊ ဂြိုလ်တုဖုန်း ၃ လုံး၊ ဓါတ်ငွေ့ကာမျက်နှာဖုံး ၃ ခု၊ ဓါတ်ငွေ့ကာမျက်မှန် ၃ ခု၊ Laptop ၃ လုံး၊ ယမ်းကြိတ်ကိရိယာ ၁ ခုနှင့်အတူ အခြားဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိ ခဲ့တယ်လို့
သိရပါတယ်။