#Local_News
Published 3 September 2023

ကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာ သင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိက အဆင့်မြင့်ပညာ ကျောင်းများ ကို အဖွဲ့ ၂ ဖွဲ့ဖြင့် စစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။

 

စစ်ဆေးမှုများ ပြုလုပ်ရန် အထက်မြန်မာပြည်ရှိအခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတ ကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့်ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့နှင့် အောက်မြန်မာပြည်ရှိ အခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့် ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့တို့ ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းသိရသည်။

 

အထက်မြန်မာပြည်ရှိအခြေခံပညာကိုယ်ပိုင်ကျောင်းများ၊နိုင်ငံတကာသင်ရိုးသင်ပုဂ္ဂလိကကျောင်းများနှင့်ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့ တွင် လေ့လာဆန်းစစ်အကဲဖြတ် ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူကာ အဖွဲ့ဝင်များအဖြစ် မန္တလေးတက္ကသိုလ်၊မန္တလေး နိုင်ငံ ခြား ဘာသာတက္ကသိုလ်၊ပညာရေးသုတေသန(စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန)၊မန္တလေးပညာရေးဒီဂရီ ကောလိပ်၊တိုင်းဒေသကြီးပညာရေးမှူး (မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံး)၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့က အဖွဲ့ဝင်များအဖြစ် တစ်ဦးစီ ပါဝင်ကြကြောင်း သိရသည်။

 

အောက်မြန်မာပြည်ရှိအခြေခံပညာကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင် ပုဂ္ဂလိကကျောင်းများနှင့် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများ စိစစ်စစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာ စကား ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ အဆင့်မြင့်ပညာဦးစီး ဌာန၊ ပညာရေးသုတေသန(စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန) ၊ ဆရာအတတ်ပညာဦးစီးဌာန၊ တိုင်းဒေသကြီး ပညာရေးမှူး ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန တို့က အဖွဲ့ဝင်များအဖြစ် တစ်ဦးစီ ပါဝင်ကြကြောင်း သိရသည်။

 

ယင်း စိစစ်စစ်ဆေးရေးအဖွဲ့ (၂) ဖွဲ့က အဆိုပါ ကိုယ်ပိုင်ကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင်ပုဂ္ဂလိကကျောင်း များ၊ ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်း များကို Checklist နှင့် Data Collection Form များ အသုံးပြုကာ သတင်းအချက်အလက်များ ကောက်ယူခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ ကျောင်းမှတ်ပုံတင် ရှိ မရှိ ကျောင်းဖွင့်လှစ်သင်ကြားရန် ခွင့်ပြုမိန့် ရှိ မရှိ၊ ကျောင်းအင်္ဂါရပ်၊ဥပဓိရုပ် ပြည့်စုံကောင်းမွန်မှု ရှိ မရှိ စစ်ဆေးခြင်းမည် ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် သင်ကြားမှု၊ ကျောင်းသားလက်ခံမှု၊ ငွေကြေး ကောက်ခံမှု၊ အခွန်ထမ်းဆောင်မှု၊ အုပ်ချုပ်မှု၊ ဝန်ထမ်း လစာပေးမှုတို့သည် စည်းကမ်းနှင့် ညီ မညီ စစ်ဆေးခြင်း၊ ပြဋ္ဌာန်းထားသော ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်း တိုးမြှင့် ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းစစ် ဆေးခြင်း များပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရန် မြန်မာ့ယဉ်ကျေးမှု မပျောက်ပျက်စေရန် အမျိုးသား သင်ရိုး ညွှန်းတမ်းကော်မတီက သတ်မှတ်ထားသည့် မြန်မာစာ၊ မြန်မာ့သမိုင်းနှင့် မြန်မာ့ပထဝီဝင် သင်ရိုးညွှန်းတမ်းအ ပြည့်အစုံကို သင်ကြားခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ဇာတိသွေး၊ ဇာတိမာန်ထက်သန်စေမည့် အလေ့အကျင့်ကောင်း များ (နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း) ကို ပြုစုပျိုးထောင်ပေးနိုင်မှု ရှိ မရှိ စိစစ်ခြင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများသည် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၏ သတ်မှတ်ချက် များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း၊ကျောင်းဆရာများ၏ ရရှိထားသောဘွဲ့ နှင့် သင်ကြားသောဘာသာရပ် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း၊ပြည်ပနိုင်ငံများ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားများကို ထည့်သွင်းစည်း ရုံး သင်ကြားပို့ချမှု ရှိ မရှိ စစ်ဆေးခြင်း၊အတန်းအလိုက် သင်ကြားမှုများဆောင်ရွက်ရာတွင် နိုင်ငံရေးအရောင်အ သွေးပ ါရှိမှုရှိ မရှိနှင့် ဘာသာရေး၊ နိုင်ငံရေး စွက်ဖက်လွှမ်းမိုးမှု ရှိ မရှိ စစ်ဆေးခြင်း၊ ပညာရေးဝန်ကြီးဌာနသို့ စစ်ဆေးတွေ့ ရှိချက်များကိုသတ်မှတ်ကာလအတွင်း အစီရင်ခံစာ တင်သွင်းခြင်း တို့ကို လုပ်ဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။

 

#Local_News #ကိုယ်ပိုင်ကျောင်း #သင်ရိုးသင်ပုဂ္ဂလိကကျောင်း
#Yangon_Times/PP