#Local_News
Published-3-September-2023

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမကြီးပေါ်ရှိ မင်းဒင်မှတ်တိုင်အနီးတွင် စက်တင်ဘာ (၂) ရက်ည (၁၀) နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိဓာတ်တိုင်အား ဝင်တိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံကသိရသည်။


       
အဆိုပါ ယာဥ်တိုက်မှုကြောင့် ယာဥ်ပေါ်တွင် ပါရှိသည့် အမျိုးသားလေးဦးအနက် သုံးဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

 

"သုံးယောက်မှာ တစ်ယောက်က အနီရောင်အဆင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အနေထားရှိတယ်၊တစ်ယောက်က ခြေထောက်ထက်ပိုင်းကျိုးသွားတယ်၊
ကျန်တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာမစိုးရိမ်ရအနေထားမှာ ရှိပါတယ်"Medical လူငယ်များလူမူကူညီရေးအသင်းမှ တာဝန်ရှိသူကပြောသည်။


    
ထိခိုက်ဒဏ်ရာ ရရှိသူများကို လူမှုကူညီရေး အသင်း ကားများဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#YMG/my #Local_News #သင်္ဃန်းကျွန်းမြို့နယ် #ဓာတ်တိုင်ကိုဝင်တိုက်၊  (၃) ဦး ထိခိုက်
#Yangon_times