#Local_News

Published_ 29 August 2023

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)က လာမည့်စက်တင်ဘာမှစတင်၍ ဒီဇင်ဘာလအထိ ဓာတ်ဆီဂါလန်ပေါင်း ငါးသန်းကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ခေါ်ယူကာရောင်းချ‌ပေးမည်ဟု ယင်းလုပ်ငန်း၏ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။

 

တင်ဒါစနစ်ဖြင့် ခေါ်ယူရောင်းချရာတွင် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး၊ တစ်ကြိမ်လျှင် ဓာတ်ဆီဂါလံ တစ်သန်းရောင်းချပေးသွားမည်ဖြစ်သည်။

 

ထိုသို့ရောင်းချရာတွင် လာမည့် စက်တင် ဘာ (၁၂) ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်း၊ အောက်တိုဘာ (၃) ရက်နှင့်(၂၄)ရက်တို့တွင် ဓာတ်ဆီဂါလံ နှစ်သန်း၊ နိုဝင်ဘာ(၁၄)ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်းနှင့် ဒီဇင်ဘာ (၅)ရက်တွင် ဓာတ်ဆီဂါလံ တစ်သန်း အသီးသီးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်ဒါတင်သွင်းလိုသူများအနေဖြင့်နေပြည်တော်၊  မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးအမှတ်(၄၄)တွင် တင်ဒါအဆိုပြုလွှာသွင်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

တင်ဒါဖွင့်မည့်အချိန်မှာ တင်ဒါဖွင့်ပေးမည့် လစဥ်တိုင်း၏ မွန်းတည့် (၁၂)နာရီတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကာ တင်ဒါပိတ်ချိန်အား မွန်းလွှဲ (၂)အချိန်အထိ သတ်မှတ်ထားကြောင်းနှင့် အသေးစိတ်အချက်အလက် သိရှိလိုသူများအနေဖြင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန ဖုန်း ၀၆၇-၃၄၁၁၀၈၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

 

အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချပေးရာတွင် မည်သည့်လုပ်ငန်းရှင်မဆို လွတ်လပ်စွာရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/my #Local_News #ရေနံဓာတုဗေဒစက်ရုံစု(သံပုရာကန်)
#Yangon_Times