#Local_News
Published 28-August- 2023

လာမည့် စက်တင်ဘာလနှင့် အောက်တိုဘာလ မိုးနှောင်းကာလအတွင်း ဧရာဝတီမြစ်အပါအဝင် မြစ်ကြီးအချို့တွင် စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနိုင်သည်ဟု မိုး/ဇလက ယနေ့ ဩဂုတ် (၂၈)ရက် နံနက်ပိုင်းတွင် အသိပေးထားသည်။

 

ဧရာဝတီမြစ်ရေသည် ရွှေကူ၊ ကသာ၊ ပခုက္ကူ၊ ညောင်ဦး၊ ဆိပ်သာ ဟင်္သာတ၊ ဇလွန်မြို့တို့တွင် တစ်ကြိမ်စီ၊ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ကနီနှင့်မုံရွာတို့တွင် တစ်ကြိမ်စီခန့် စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနိုင်ကြောင်း သိရသည်။

 

ထို့အပြင် ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် တစ်ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် တစ်ကြိမ်ခန့်၊  သံလွင်မြစ်ရေသည် ဘားအံမြို့တွင်တစ်ကြိမ်ခန့်၊ သောင်းရင်မြစ်ရေသည် မြဝတီမြို့တွင်တစ်ကြိမ်ခန့်စီမြင့်တက်လာနိုင်သည်ဟု အသိပေးထားသည်။

 

အလားတူ ငဝန်မြစ်ရေသည် ငသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်မြို့တို့တွင် တစ်ကြိမ်စီခန့်နှင့် တိုးမြစ်ရေသည် မအုပင်မြို့တွင် တစ်ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်အထက်ကိုကျော်လွန်ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။

 

#YMG/my #Local_News #စက်တင်ဘာလ #စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်
#Yangon_Times