Published_ 25 August 2023

၂၀၂၃ခုနှစ်ဇန်နဝါရီလမှဇွန်လ(၆)လတာအတွင်းကလေးသူငယ်အမှု(၂၁၇)မှုနှင့်စည်ပင်မှု(၁၇၀၀)ကျော်၊ယာဉ်စည်းကမ်းလမ်းစည်းကမ်းအမှု(၄၄၀၀၀)ကျော်လက်ခံရရှိခဲ့ပြီး ဖြေရှင်းမှုများဆောင်ရွက်ပေးခဲ့ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ်၏ပြောကြားချက်အရသိရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်ပြည်နယ်နှင့်တိုင်းတရားလွှတ်တော်များ၏(၂၅)ကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးတွင်ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

ကလေးသူငယ်တရားရုံး(ရန်ကုန်နှင့်မန္တလေး)တွင်ကလေးသူငယ်ဥပဒေအရစွဲဆိုတင်ပို့ထားသည့်အမှုပေါင်း (၂၁၇)မှုလက်ခံရရှိခဲ့ပြီး (၁၉၉)မှုစစ်ဆေးမှုပြီးပြတ်ခဲ့ကြောင်း၊စည်ပင်သာယာတရားရုံး(နေပြည်တော်၊ရန်ကုန်နှင့် မန္တလေး)တို့တွင်စည်ပင်သာယာဥပဒေအရစွဲဆိုတင်ပို့ထားသည့်အမှုပေါင်း(၁၇၄၉)မှုလက်ခံရရှိခဲ့ပြီး (၁၇၃၃)မှုစစ်ဆေးပြီးပြတ်ခဲ့ကြောင်းသိရသည်။

ယင်းအပြင်မော်တော်ယာဉ်တရားရုံး(နေပြည်တော်၊ရန်ကုန်နှင့်မန္တလေး)တို့တွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဖျောက်ဖျက်၍မော်တော်ယာဉ်ဥပဒေအရတရားစွဲဆိုတင်ပို့ခဲ့သည့်အမှုပေါင်း(၄၄၃၂၀)မှုစစ်ဆေးစီရင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်းအမှုများကြန့်ကြာမှုမရှိအောင်ကြိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။
Yangon-Times/tthl
#local_News
#YMG #Yangon_Times