Published_ 25 August 2023

လာမည့်စတော်ဘယ်ရီရာသီမှစ၍စတော်ဘယ်ရီသီးများကို တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရန် သုံးနှစ်စီမံကိန်းချမှတ်၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကနေ သိရသည်။

လာမည့် ၂၀၂၄ ခုနှစ် စတော်ဘယ်ရီ ရာသီဖြစ်သည့် မတ်လမှ ဇွန်လအတွင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့ကျေးရွာ)တွင် ထုတ်လုပ်ဆောင်ရွက်သွားမည်ဟုသိရသည်။

ယခုအခါ အဆိုပါကျေးရွာမှ ဒေသခံများကိုထုတ်လုပ်နည်း သင်တန်း ပေးထားပြီးစတော်ဘယ်ရီအခြေပြု တန်ဖိုးမြှင့် စားသောက်ကုန်တွေအဖြစ် စတော်ဘယ်ရီယို၊ စတော်ဘယ်ရီဖျော်ရည်နဲ့ စတော်ဘယ်ရီဝိုင်တွေ ထုတ်လုပ်သွားမည်ဟုသိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးစီမံကိန်းအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်းသိရသည်။
Yangon-Times/PP
#local_News
#YMG #Yangon_Times