Published _25 August 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆) ရပ်ကွက်၊ တိုးကြောင်ကလေးဘူတာရုံအနီး၊ ကျောင်းတိုက်ဝန်းအတွင်း၌ တည်ဆဲ နဂါးရုံဘုရားပြိုကျမှုယနေ့ ဩဂုတ်လ ၂၅ ရက် နံနက် ၁၀ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ Repeater ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့သွားရောက်၍
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသီရသည်။

#YMG #Yangon_Times