Published_ 25 August 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အဝတ်လျှော်နေရင်း အမျိုးသမီး ၁ဦး ယနေ့ ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့ကသိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ ၄၉လမ်း၊ ၁၉လမ်း နှင့် ၂၀ လမ်းကြားတွင် အမျိုးသမီးတစ်ဦးသေဆုံးနေပါသဖြင့်ကူညီပေးပါရန် နယ်ထိန်း၊မြို့မရဲစခန်းမှဆက်သွယ်အကြောင်းကြားလာ၍သွားရောက်ခဲ့ရာတွင် အဝတ်လျှော်နေရင်း ရေကန်အနီးတွင် သေဆုံးနေခဲ့ခြင်းဖြစ်သည်။

" အသက် ၃ဝ ကျော်အရွယ် အမျိုးသမီး သူ့ကလေးလေးနဲ့ အဝတ်လျှော်နေတုန်း အဲဒီရေကန်နားမှာ ဆုံးနေတာပါ။.သေဆုံးသူအမျိုးသမီးက ဝက်ရူးပြန်ရောဂါရှိတယ်လို့လည်းသိရတယ်"ဟု လူမှုကူညီရေးအသင်းမှသိရသည်။

လူမှုကူညီရေးအသင်းမှ ဖြစ်စဥ်နေရာသို့သွားရောက်၍ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာသေဆုံးသူအမျိုးသမီးအလောင်းကိုလားရှိုးလူငယ်များလူမှုကူညီရေးအသင်းမှ ကားဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times