Published_ 24-August 2023

လူငယ်အများစု ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုတိယအကြိမ်မြောက် Stand For Love ပြိုင်ပွဲကို လာမည့် ဩဂုတ် (၂၆)ရက်နှင့် (၂၇)ရက် တို့တွင် မြန်မာပလာဇာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Stand For Love အမည်ရှိ ပြိုင်ပွဲကို ပြိုင်ပွဲဝင်ပေါင်း (၁၂၀)က ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမည်ဖြစ်ကြောင်း  သိရသည်။

ပြိုင်ပွဲတွင် ပထမဆု ကျပ် (၁၅)သိန်း၊ ဒုတိယဆု ကျပ် (၁၀)သိန်းနှင့် တတိယဆုကျပ် (၅)သိန်းတို့ကို ချီးမြှင့်သွားမည့် အပြင် စိန်နန်းတော်၊ D&C၊ Canal+၊ ERKEနှင့် One Finesses တို့ ကလည်းဆုများထပ်မံချီးမြှင့်သွားမည်ဖြစ်သည်။

ဝင်‌ရောက်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲပုံစံမှာ ပြိုင်ပွဲအတွင်းရှိ ကားပေါ်မှ သတ်မှတ်ထားသောနေရာအား လက်ဖြင့် ငါးနာရီကြာထိထားနိုင်သူ သုံးဦးကိုရွှေးချယ်၍ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်ရောက်သူများအနေဖြင့် နှစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊
ပထမတစ်ကြိမ်တွင် ကားအတွင်းရှိသတ်မှတ်ထားသော လက်ပုံစံနေရာအား ခြေစုံရပ်၍ လက်ဖြင့်ထိထားရမည်ဖြစ်သည်ဟုဆိုသည်။

ဒုတိယ‌အကြိမ်တွင် ခြေတစ်ဘက်သာရပ်၍ သတ်မှတ်ထားသော လက်ပုံစံနေရာအား လက်ဖြင့်ထိထားရမည်ဖြစ်ပြီး ၊ ပထမအကြိမ်နှင့်ဒုတိယအကြိမ်အကြား ၁၀မိနစ်သာနားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ယှဉ်ပြိုင်သူများအနက် သုံးဦးကိုသာရွေးချယ်သွားမည်ဖြစ်သော်လည်း သုံးဦးထက်ပိုပါက မြန်မာပလာဇာ စီမံခန့်ခွဲရေးဌာနက ပြိုင်ပွဲဝင်အားလုံးအရှေ့တွင် မဲနှိုက်၍ မဲပေါက်သူကို ဆုချီးမြှင့်သွားမည်ဟု  အသိပေးထားသည်။

ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်သူအနေဖြင့် အဖော်ပြုပေးမည့်သူ တစ်ယောက် ခေါ်လာခွင့်ရှိကာ ကျန်းမာရေးနှင့်ပတ်သက်၍ တစ်စုံတရာဖြစ်ပွားပါက ပြိုင်ပွဲဝင်၏ တာဝန်သာဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Yangon Times/MY
#Local_News
#YMG #Yangon_Times