Published_ 24 August 2023

ရခိုင်ပြည်နယ် ၊ နတ်မြစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ဟန်ချက်ညီရေကြောင်းကင်းလှည့်မှုတစ်ခုကို ယမန်နေ့ ဩဂုတ်(၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း မီဒီယာတစ်ခုတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ဟန်ချက်ညီ ရေကြောင်းကင်းလှည့်ခြင်းကို နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်း၍ လစဉ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခု ဩဂုတ်လအတွင်း သုံးကြိမ်ဆောင်ရွက်ခဲ့ပြီး၊ ဩဂုတ်လ(၁၉) ရက်တွင်တစ်ကြိမ်၊ ဩဂုတ်(၂၂) ရက်တွင်တစ်ကြိမ် နှင့် ဩဂုတ်(၂၃ )ရက်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကင်းလှည့်ခြင်းအတွက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိဦးစီး ကိုယ်စား လှယ်အဖွဲ့ဖြင့် အောင်ဗလချောင်းဝအနီးမှ မကျီးချောင်းဝအနီးထိ နတ်မြစ်တစ်လျှောက်ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်ကင်းလှည့်မှုအခြေအနေများကို မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ-ရခိုင်နေ့စဉ်
Yangon Times/my
#Local_News
#YMG #Yangon_Times