Published_ 23 August 2023

 

မန္တလေးတိုင်း​ဒေသကြီး၊အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်အနီး နေအိမ်တစ်အိမ်တွင်မီးလောင်မှုဖြစ်ခဲ့၍ လေဖြတ်နေသူ ၁ဦးအပါအဝင် လူ ၃ ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းကသိရသည်။

အမရပူရမြို့နယ်၊ ရတနာပုံတက္ကသိုလ်အနီး၊တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုရွာရှိ နေအိမ်တစ်အိမ်တွင်ဩဂုတ်၂၂ ရက်၊ ည ၁၁ နာရီကျော်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့၍ ယင်းအိမ်ရှိ လေဖြတ်လူနာ ၁ဦးအပါအဝင် သေဆုံးသူ ၃ဦးခဲ့ကာ သေဆုံးသူများတွင် မီးလောင်ဒဏ်ရာများတွေ့ရကြောင်းလည်းသိရသည်။

"​မီးဘယ်က စလောင်တာလဲမသိရ​သေးဘူး။ မီးသတ်ဘက်က စစ်ဆေးနေတယ်။ မီးလောင်မှုဖြစ်တဲ့အချိန် အပြင်မှာ မိုးတွေလည်းသည်းနေတယ်"ဟု လူမှုကူညီရေးအသင်းကသိရသည်။

မီးလောင်မှု ဖြစ်ပွားတဲ့ နေရာသို့ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များ သွားရောက်ကူညီ ငြိမ်းသတ်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times