Published_ 23 August 2023

ထိုင်းနိင်ငံ နခွန်ရတ်ချဆီမာမြို့ရှိ Laemthong Poultry Co., Ltd (ကြက်သားစက်ရုံ) တွင် အလုပ် လုပ်ကိုင်ရင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာ အလုပ်သမား တစ်ဦး
အတွက် အာမခံကြေး အဖြစ် ထိုင်းဘတ်ငွေ၆သိန်းနှင့်မြန်မာကျပ်ငွေ သိန်း၅၀ ကို မိသားစုဝင်
ထံပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး(ဘန်ကောက်မြို့) မှသိရသည်။

အဆိုပါ အလုပ်သမား မအေးမြင့်သည် ၁၇-၅-၂၀၂၃ ရက်နေ့တွင် လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ၏ မြန်မာနိုင်ငံတွင်ရရှိသည့် အသက်အာမခံကြေး ကျပ်သိန်း ၅၀ တိတိအား ၃၁-၅-၂၀၂၃ ရက်နေ့တွင်တရားဝင်စေလွှတ်ခဲ့သည့် မြန်မာအေဂျင်စီGrand Asia Force Co., Ltdမှလည်းကောင်း၊ထိုင်းနိုင်ငံသို့ လာရောက်စဉ် ကိုဗစ်-၁၉ ရောဂါ အာမခံကြေးမှရရှိသည့် ဘတ် ၁၀၀,၀၀၀ တိတိကို Dhipaya Insurance Public Co., Ltd မှ အလုပ်သမားသံအရာရှိရုံး၌ ၂၆-၆-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ မော်တော်ယာဉ် အာမခံကြေးမှရရှိသည့် ဘတ် ၅၀၀,၀၀၀ တိတိကိုအလုပ်သမားသံအရာရှိရုံး၌ ၂၂-၈-၂၀၂၃ ရက်နေ့တွင်လည်းကောင်း ပေးအပ်ခဲ့ရာ သေဆုံးသူ၏ညီမဖြစ်သူမဆန်းညွန့်မှလက်ခံ ထုတ်ယူခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ယာဉ်မတော်တဆ မှုကြောင့်ထိုင်းနိုင်ငံအတွင်း သေဆုံးသည့်အ မှုများမဖြစ်စေရန်အတွက်ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားများအနေဖြင့် ယာဉ်/လမ်းစည်းကမ်းများ သိရှိလိုက်နာကြရန် အတွက် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံး မှ မေတ္တာရပ်ခံအကြံပြု ထားကြောင်းသိရသည်။
Yangon Times/LW
#Local_News
#YMG #Yangon_Times