Published-7 Nov 2021

ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့တွင်

ပေအနက်၃၀ရှိတွင်းတစ်တွင်းထဲသို့အဖွားအိုတစ်ဦးပြုတ်ကျပြီး

ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့သော်လည် သေဆုံးသွားတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)ကနေသိရပါတယ်။

 

ဖြစ်စဉ်မှာနိုဝင်ဘာလ၇ရက်ယနေ့မနက်ပိုင်းကမုံရွာမြို့ချမ်းမြသာစည်ရပ်ကွက်မှာ

အသက် ၈၀ ကျော်အဖွားအိုတစ်ဦး အသစ်တူးဖော်ထားတဲ့ပေ ၃၀ ခန့်နက်တဲ့ တွင်းအတွင်းကို ပြုတ်ကျခဲ့ရာအဖွားအိုကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)က ကယ်ဆယ်ရေးအဖွဲ့ကကယ်ဆယ်ခဲ့ပြီးနောက် ဆေးရုံကိုပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံမှာ သေဆုံးသွားတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး) က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 

’’အိမ်သာကျင်းအသစ်တူးတယ်ပြောတယ်ကွင်းကပေ၃၀လောက်ရှိတယ်။ ပြုတ်ကျတဲ့သတင်းရရချင်းသွားဆယ်တယ်တွင်းထဲကနေအဖွားကိုအောက်ဆီဂျင်ပေးပြီးအပေါ်ကိုသယ်တယ်။

နောက်ပြီးဆေးရုံပို့ခဲ့ပေမဲ့ကွယ်လွန်သွားတယ်ဗျ"လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး) က တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

 

Photo - မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)