Published_ 22 August 2023

ယခုနှစ်တွင် မြန်မာအပါအဝင်ကမ္ဘာ့နိုင်ငံများတွင်အယ်နီညိုသက်ရောက်မှုရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ‌အနေဖြင့် မိုးစပါးထွက်ပြီးချိန်‌ရောက်မှအယ်နီညိုသက်ရောက်မှုရှိမည်ဖြစ်၍ ဆန်စပါးထွက်ရှိမှုကို မထိခိုက်နိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိခိုက်မှုမရှိကြောင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်က(၂၂)ကြိမ်မြောက် နစက၏ သတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံဟာ အီကွေတာမြောက်ဘက်ခြမ်းမှာရှိတဲ့အတွက် အခုနှစ်မှာအယ်နီညိုရဲ့သက်ရောက်မှုဟာ အောက်တိုဘာလမှစတင်သက်‌‌ရောက်မှာဖြစ်လို့ မိုးစပါးထွက်ရှိပြီးချိန်မှသက်ရောက်မှာဖြစ်လို့ ဆန်စပါးထုတ်လုပ်မှုနဲ့မိုးစပါးထွက်ရှိတာကိုထိခိုက်နိုင်ခြေမရှိဘူးလို့ သုံးသပ်ထားပါတယ်"ဟု ၎င်းကပြောသည်။

လတ်တလောတွင်လည်း လက်ကျန်ဆန်တန်ချိန် ၃.၅သန်းကျော်ရှိနေသေးသည့်အတွက် နိုဝင်ဘာလ မိုးစပါးထွက်ချိန်အထိ ဆန်ဖူလုံမှုရှိကြောင်းလည်း ထည့်သွင်းပြောခဲ့သည်။
Yangon Times/tthl
#Local_News
#YMG #Yangon_Times