Published_ 21 August 2023

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားတွင် Express ကား ၁-စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျ၍ အမျိုးသား ၁-ဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ (၁၅)ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။

ယနေ့ သြဂုတ်လ ၂၁ရက် ညနေ ၃နာရီ ၄၀မိနစ်အချိန်ခန့်က မိုင်တိုင်အမှတ် (၇၇/၅)နှင့်(၇၇/၆)ကြားတွင် လူဦးရေ (၁၆)ဦး တင်ဆောင်လာသည့်အဖြူရောင် Express တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး မြောင်းထဲထိုးကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ အမျိုးသား (၁၀)ဦး၊ အမျိုးသမီး (၅)ဦး နှင့် ကလေး(၁)ဦး၊ စုစုပေါင်း (၁၆)ဦးအနက် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး အမျိုးသမီး (၁)ဦးမှာ စိုးရိမ်ရထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ကျန်(၁၄)ဦးမှာ(မစိုးရိမ်ရ)ထိလိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ယာဉ်တိုက် မှုသတင်းရရှိ၍ ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူများကို ၁၉၂လူနာ တင်ယာဉ်၊ ရှင်သန်မှုလူမှုကူညီရေးအသင်းယာဉ်နှင့် Light Truck ယာဉ်တို့ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times