Published_ 21 August 2023

ရိုးမဘဏ်မှ သင်္ဘောသားများအား အပေါင်မဲ့ အသေးဆုံးချေးငွေကို၁၅ သိန်းမှ သိန်း(၁၀၀)ထိ ချေးပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောကူးအလုပ်သမားအဖွဲ့ချုပ်(MSF) က သိရသည်။

အဆိုပါချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၁၄ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ယင်းကြောင့် တစ်လလျှင် ခန့်မှန်းအတိုးနှုန်း ၁ ဒသမ ၂ ရာခိုင်နှုန်းဖြင့် လစဉ်အတိုးအရင်းပြန်ဆပ်ရမည်ဖြစ်ကြောင်းလည်းသိရသည်။

ချေးငွေပြန်ဆပ်ရမည့်ကာလမှာ အနည်းဆုံး ၆လမှ အများဆုံး ၁၂လအထိ ရွေးချယ်ပေးဆပ်နိုင်မည်ဖြစ် ကြောင်း?ချေးငွေရယူရန်အတွက် တင်ပြရမည့် စာရွက်စာတမ်းများနှင့် ပုံစံများကို လာမည့်ရက်ပိုင်းအတွင်း အဖွဲ့ချုပ်ရုံးတည်ရှိရာ အမှတ်-၅၃၊ ၃၇ လမ်း၊ ကျောက်တံတားမြို့နယ်တွင် စုံစမ်းနိုင်ကြောင်း လည်း သိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times