#Local_News
Published-19 August 2023


ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေသူ မွန်တိုင်းရင်းသားဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံး ပထမဆု ကံထူးခဲ့ ကြောင်း သိရသည်။

 

ပြီးခဲ့သည့် သြဂုလ ၁၆ ရက်တွင်ဖွင့်လှစ်ခဲ့သည့်ထိုင်းထီတွင် ထိုင်းအစိုးရ ထီ အမြင့်ဆုံးပထမဆု ဘတ်(၆)သန်း ဆုကို အဆိုပါ ဇနီးမောင်နှံတို့က ၄၇၁၇၈၂ ဂဏန်းဖြင့် ဘတ် ၆ သန်းထိုင်းထီဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဇနီးမောင်နှံမှာ ထိုင်းနိုင်ငံသို့ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅နှစ်ကျော်ကပင် ရောက်ရှိနေကြသူများ ဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ဘန် ကောက် မြို့ရှိ စားသောက်ဆိုင်တစ်ခု တွင် အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။

 

#Local_News #ဘန်ကောက် #မွန်တိုင်းရင်းသားဇနီးမောင်နှံ
#ထိုင်းထီအမြင့်ဆုံးပထမဆုကံထူး #Yangon_Times/PP