#Local_News
Published_ 15 August 2023


သံလွင်မြစ်နှင့်ချင်းတွင်းမြစ်ရေများကြီးနေဦးမည်ဖြစ်၍ဘားအံမြို့နှင့်ဟုမ္မလင်းမြို့နေထိုင်သူများအထူး သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ဩဂုတ်လ၁၄ရက်တိုင်းတာချက်များအရ သံလွင်မြစ်သည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၂)ပေခွဲ ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။

 

ချင်းတွင်းမြစ်သည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်(၁)ပေခွဲ ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်ဟုဆိုသည်။

 

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေအမှတ်ပေဝက်ခန့်ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်း ရန်ရှိကြောင်းသိရသည်။

 

#tthl #Local_News #သံလွင်မြစ် #ချင်းတွင်းမြစ်ရေကြီး
#Yangon_Times