Published_ 11 August 2023

မန္တလေး တိုင်းဒေသကြီး ၊မန္တလေးမြို့ပတ် သံလမ်းဘေး မိုးမခဆိုင်ရှေ့တွင် မော်တော်ကားနှင့်ဆိုင်ကယ် ဝင်တိုက် မိ၍ အမျိုးသား ၁ဦးသေဆုံးမှုယမန်နေ့ညကဖြစ်ခဲ့ကြောင်း နန်းတော်ရှေ့နယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းကသိရသည်။

သြဂုတ် ၁၀ရက် ည၈နာရီအချိန်ကမန္တလေးမြို့ပါတ်သံလမ်းဘေးလမ်းမိုးမခဆိုင်ရှေ့တွင် လမ်းပြောင်းပြန်ဝင်လာသော မော်တော်ကားနှင့်ဆိုင်ကယ်တိုက် မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့်ဆိုင်ကယ်စီးလာသူအမျိုးသား ၂ဦးအနက် ၁ဦးမှာ ညာနားထင်ပေါက် ၊ဘယ်ရင်အုံပေါက်ပြဲ၊ညာဝမ်းဗိုက်ပေါက်၊ လက်နှစ်ဖက်ကျိုး၊ ညာခြေကျိုး၍ဆေးရုံရောက်ရှိချိန်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

"ဆိုင်ကယ်စီးလာသူ ၂ဦးထဲက ၁ဦးက ဒဏ်ရာပြင်းထန်တော့ ဆေးရုံပို့တော့ ဆေးရုံအရောက် မှာ သေဆုံးသွားပါတယ်"ဟု အဆိုပါအသင်းကသိရသည်။

သေဆုံးသူအားသေမှုသေခင်းစစ်ချက်များယူ၍မန္တလေးပြည်သူ့ဆေးရုံကြီးတွင်(PR04)ဖြင့်ပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times