Published_ 8 August 2023

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းတစ်လျောက် ဒေသများတွင် သြဂုတ်လ၈ ရက် မှ ၁၁ရက်အတွင်း မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသပညာလေ့လာသုံးသပ်သူဦးဝင်းနိုင်က ပြောကြားထားသည်။

ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တွင် အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းနေဆဲဖြစ်ပြီးဩဂုတ်လ ၁၀ ရက်၊ ၁၁ ရက်တွင် အားအနည်းငယ်ပြန်လျော့ကျကာ ၁၂ ရက်တွင် အားပြန်ကောင်းလာနိုင်ကြောင်းလည်း ကြိုတင်ခန့်မှန်းချက် များအရ တွေ့ရှိရကြောင်း ဆိုသည်။

ထို့ကြောင့်အထက်ဖော်ပြပါဒေသများ၌ သြဂုတ်လ ၈ရက် နံနက် ၂နာရီခွဲမှသြဂုတ်လ ၁၁ရက် နံနက် ၂နာရီခွဲအထိ ကာလအတွင်း မိုးသည်းထန်နိုင်ပြီး ကျန်ပြည်နယ်နှင့်တိုင်းဒေသများတွင် နေရာအနှံ့မိုးအသင့်အတင့်ရွာနိုင်ကြောင်းဆိုသည်။

ယင်းအပြင်ရခိုင်ပြည်နယ် ကုလားတန်မြစ်တစ်လျှောက်၊ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်အတွင်း လာမည့် ၇၂ နာရီအတွင်း မိုးအလွန်သည်းထန်နိုင်ကြောင်း  ပြောကြားထားသည်။

ယင်းအပြင်နောက်လာမည့်  ၃ ရက် မှ ၅ ရက် အထိလည်း ယင်းအခြေအနေအတိုင်းဆက်ပြီး ရှိနေနိုင်ပါသေးကြောင်းလည်း  ခန့်မှန်းထားသည်။
Yangon-Times / PP
#Local_News
#YMG #Yangon_Times