Published_ 8 August 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းသောကြောင့် ရေဘေးသင့်ပြည်သူ(၁၅၈)ဦးကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

ကော့ကရိတ်မြို့နယ်ရှိ အမှတ်(၅)ရပ်ကွက်တွင်ရေဝင်ရောက်မှုဖြစ်ခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စု(၃၅)စုမှ ကျား(၇၀)ဦး၊မ(၈၈)ဦးစုစုပေါင်း(၁၅၈)ဦးတို့အား ရေဘေးလွတ်ရာ အဆိုပါရပ်ကွက်ရှိ ဇိနပ်မာရ်အောင်ဓမ္မရုံ၊ သတိပဌာန်ကျောင်းသစ်နှင့် အ.မ.က(၆)စာသင်ကျောင်းသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကူညီရွှေ့ပြောင်းပေးခဲ့သည်ဟုဆိုသည်။

ရေဘေးသင့်ပြည်သူများကို ကော့ကရိတ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊Speed Boad(၁)စီး၊ စက်လှေငယ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းကူညီခဲ့ကြောင်းသိရ သည်။

ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံဖြစ်ပွားပြီး မြေနိမ့်ပိုင်းရှိ စာသင်ကျောင်းများပိတ်ခဲ့ရပြီး လက်ရှိတွင် စာသင်ကျောင်း(၄၁)ကျောင်းယာယီပိတ်ထားရကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times