Published_ 7 August 2023

ဩဂုတ်လ(၁)ရက်နေ့မှ(၇)ရက်အထိ ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေနိမ့်ပိုင်းနေရာများ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

မြောက်ဦးမြို့နယ်။ လက်ကောက်ဈေးရပ်ကွက်တွင် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ပြီး အိမ်ထောင်စုဝင် (၂၄၆)စု၊ ကျား(၅၉၆)ဦး၊မ(၆၁၃)ဦးစုစုပေါင်း(၁၂၀၉)ဦးကိုရေဘေးလွတ်ရာ နီးစပ်ရာဆွေမျိုးများဆီသို့ပြောင်းရွှေ့နေရာချ ပေးခဲ့ရခြင်းဖြစ်သည်။

ရေဘေးကြောင့်ဒုက္ခရောက်နေသူများကို မြောက်ဦးခရိုင်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းပြီး ပြောင်းရွှေ့နေရာချပေးခဲ့ရကြောင်းသိရသည်။

ဩဂုတ်လ၇ရက်တွင် မြောက်ဦးမြို့နယ်အပြင် မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ခရုံကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုးကျပျက်စီးမှုများအား ကျိုက်မရောမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများမှ ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
#Yangon-Times/tthl
#Local_News
#YMG #Yangon_Times