Published_ 7 August 2023

ယခုနှစ်၂၀၂၃-၂၀၂၄ဘဏ္ဍာ နှစ်တွင် ဧပြီ ၁ ရက်ကနေ ဇူလိုင် ၂၁ ရက်အထိ ၄ လခန့် ကာလ၌ မြန် မာ-တရုတ် နယ်စပ် ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၁၂၂၈ သန်းနီးပါးရှိခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကသိရသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၆၈၃ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ပြီး သွင်းကုန် အမေရိကန်ဒေါ်လာ ၅၄၅ သန်းကျော်ဖိုး တင်သွင်းနိုင်ခဲ့ကြောင်းသိရသည်။

သို့ဖြစ်ပါ၍ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်လျှင် ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၄၇၀ ကျော်ဖိုး ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန် ပစ္စည်းများအပါအဝင် ကြက်သွန်၊ ငရုတ်၊ ရော်ဘာနှင့်ရေထွက်ပစ္စည်းများကိုတင်ပို့နေပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန်နှင့် ဆေးဝါးများတင်သွင်းနေကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times