Published_ 7 August 2023

တောင်ကိုးရီးယားတွင် လမ်းပြလုပ်နေသူ မြန်မာ လုပ်သား ၁ဦး မြေတင်ကား တိုက်ခံရ၍ ရုတ်တရက်သေဆုံးခဲ့ကြောင်း ကိုးရီးယားရောက် မြန်မာ
လုပ်သားများကို ကူညီဆောင်ရွက်ပေးနေသူ ကိုဇော်မိုးအောင်ထံက သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၇ ရက်၊ နံနက် ၉ နာရီ အချိန်ခန့်က ဂယောင်ဆန်းနမ်ဒို (ဂယောင်ဆန်းတောင်ပိုင်းပြည်နယ် ) ဟာ့ချောင်းဂွန်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ယာဉ်အဝင်အထွက် လမ်းပြလုပ်နေသူ မြန်မာ လုပ်သား ၁ဦးအား မြေတင်ကားက ဝင်တိုက် မိ၍ ရုတ်တရက် ကွယ်လွန်သွားကြောင်း ယင်းကဆိုသည်။

"မနေ့က အကိုကြီးဆိုပြီး လာနှုတ်ဆက်သွားသေးတယ်။ သည်လို အဖြစ်ဆိုးတွေ နောက်ထပ် မကြားပါရစေနဲ့"ဟုလည်း ယင်းက ပြောကြားထားသည်။

ကားတိုက်ခံရသူ မြန်မာနိုင်ငံသားသည် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ကိုပြေသိန်း အသက် ၂၇ နှစ် ဖြစ်ကြောင်းသိရပြီးမုအန် ဘောလုံးအသင်း အားကစားသမားတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းကိုဟာ့ချောင်း ဂိုလယော ဆေးရုံ အအေးခန်းမှာ ထားရှိ၍အသုဘ အစီအစဉ်ကို ကျန်ရစ်သူ မိသားစုနဲ့ ဆွေးနွေးနေကြောင်းသိရသည်။

ထို့အပြင် သြဂုတ်လ၅ရက် နံနက်ကလည်း မြန်မာလုပ်သား ၁ဦး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ၁၅ထပ်အမြင့်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times