Published_ 7 August 2023

ဆန်ဈေးထပ်မတက်စေရန်နှင့်အခြေခံလူတန်းစားများဆန်ဈေးသက်သာစွာဝယ်ယူရရှိစေရန် ပေါ်ဆန်း နှင့်ဧည့်မထဆန်အိတ်များကို ယနေ့ဩဂုတ်လ(၇)ရက်မှစတင်ပြီးရောင်းချပေးနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။

ယင်းကို ဝါးတန်းလမ်းကုန်စည်ဒိုင်နှင့်ဘုရင့်နောင်ကုန်စည်ဒိုင်စသည့်နေရာ(၂)နေရာတွင် ဝယ်ယူရရှိနိုင် မည်ဖြစ်ပြီး ဧည့်မထတစ်အိတ်ကိုကျပ်(၆)သောင်း၊ပေါ်ဆန်းတစ်အိတ်ကိုကျပ် (၁)သိန်း(၁)သောင်း၊ (၁)သိန်း(၂)သောင်း ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

ဇူလိုင်လ ၂၈ရက်ကြေညာထားသည့် ဧည့်မထအိတ်ရေ(၅၀၀၀၀)အပြင် ဧည့်မထ၊ရက်(၉၀) ဆန်အိတ်ရေ (၁၀၀၀၀၀) နှင့် ပေါ်ဆန်းမျိုးစုံအိပ်ရေ(၂၀၀၀၀) စုစုပေါင်းဆန်အိတ်ရေ (၁၇၀၀၀၀)ကိုဩဂုတ်လအတွင်း ဈေးကွက်အတွင်း ရောင်းချပေးမည်ဖြစ်သည်။

၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီဆန်အရောင်းဆိုင်များကိုလည်း တစ်ဆိုင်ကို ဧည့်မထအိတ်အကြီး(၅၀)နှုန်း(နှစ်ပတ်လျှင်တစ်ကြိမ်)စနစ်တကျစာရင်းပြုစုပြီး ဖြန့်ဝေရောင်းချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီးအွန်လိုင်းစနစ်နဲ့ Registrationဆောင်ရွက်ကာKpayဖြင့်ငွေပေးချေပြီး Delivery အရောက်ပို့စနစ်ဖြင့်လည်းစီစဉ်ဆောင်ရွက်နေကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ညီနောင်အသင်းအဖွဲ့များ၊ဆန်စပါးပို့ကုန်ကုမ္ပဏီများ၊ဆန်စက်များ၊ဆန်ကုန်သည်များစုပေါင်း၍ ဩဂုတ်လ၊စက်တင်ဘာလများတွင် ဆန်ဈေးတည်ငြိမ်စေရေးနှင့် အခြေခံပြည်သူများ အတွက် သက်သာ သည့်ဈေးဖြင့်အရည်အသွေးမှန် ဆန်များရောင်းချပေးရန်နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်း သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times