#Local_News
Published-6-8-2023

ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် သွားရောက်ကစားမည့်  မြန်မာ ယူ ၁၂ လက်ရွေးစင် လူငယ်ဘောလုံးသမား (၁၈) ဦး ကို အပြီးသတ်ရွေးချယ်ပြီးစီးသွားပြီဖြစ်‌ကြောင်း အဖွဲ့ချုပ်ထံက သိရသည်။

 

အဆိုပါ ပြိုင်ပွဲဝင် လက်ရွေးစင် ၁၈ ဦး ကို ဩဂုတ်လ ၅ ရက်က သု၀ဏ္ဏ လေ့ကျင့်ရေး အားကစားကွင်းအတွင်း ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

ယူ၁၂ လက်ရွေးကစားသမားများအဖြစ်ဂိုးသမား လရောင်လင်း (ရန်ကုန် အကယ်ဒမီ)၊ ဘုန်းထွန်းခန့် (ရန်ကုန်)နောက်တန်းကစားသမား မင်းဘုန်းသစ်    (ပုသိမ်အကယ်ဒမီ)၊ မြင့်မြတ်သူ (ပုသိမ် အကယ်ဒမီ)၊ ရှင်းပြည့်ကျော် (မကွေး) စိုင်းခမ်စိုး (မန္တလေး အကယ်ဒမီ)၊  ဝေယံဦး (နေပြည်တော်)၊ နေဇင်မင်း (ရန်ကုန် အကယ်ဒမီ)၊ ပရင့်ဒိုဒိုလျန်တောင်း  (မြောက်ဒဂုံ)တို့ဖြစ်သည်။

 

အလယ်တန်းကစားသမားများအနေဖြင့် ခွန်မောင်ဘွေ(မြောက်ဥက္ကလာပ)၊ဇင်မင်းမြတ်သူ (ပြင်ဦးလွင်)၊အောင်လ(မန္တလေးအကယ်ဒမီ)၊နေယံထွဋ်(စစ်ကိုင်း)၊ ရှိုင်း၀င်းထွဋ်(ရန်ကုန်အကယ်ဒမီ)တို့ဖြစ်သည်။

 

ရှေ့တန်းကစားသမားများအဖြစ်
တေဇာဖြိုး(ရန်ကုန် အကယ်ဒမီ)
ခွန်‌ဝေဖြိုး(မန္တလေး အကယ်ဒမီ)
အံ့မင်းမြတ်(ရန်ကုန် အကယ်ဒမီ)
ခိုင်မြဲခန့်(ပုသိမ် အကယ်ဒမီ)တို့ဖြစ်ကြသည်။

 

မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည်ဩဂုတ်၂၄ ရက်တွင် အုပ်စုအဖွင့် ပွဲစဥ်အရ  ဘာစီလိုနာအသင်းဖြစ်လည်းကောင်း၊ အုပ်စုဒုတိယပွဲစဉ်တွင်  Daiwa House Dream လူငယ်အသင်းဖြင့်လည်းကောင်း၊  ဩဂုတ် ၂၅ ရက်တွင် အုပ်စုနောက်ဆုံးပွဲစဥ် အရ JEF United Chiba U-12 လူငယ်အသင်းများနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

#YMG/my
#Yangon _Times