#Local_News

Published-6-8-2023

မြန်မာ့ထွက်ကုန် ဂျင်းတက်ကို ပြည်ပနိုင်ငံများဘက်က အဝယ်နည်းသွားတာကြောင့် ဈေးများပြန်လည်းထိုးကျလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 

 

ဂျင်းဈေးသည် ယခင် တက်ဈေးထက် ယခုတွင် ကျပ် ၅၀၀၀ အထိ ဈေးပြန်ကျဆင်းလာနေသည်ဟု သိရသည်။

 

ပြီးခဲ့သည့် မေလကစတင်၍ ဂျင်းဈေးသည် တစ်ပိဿာလျှင် ကျပ် (၅၀၀၀)အထိဈေးတက်ခဲ့သလို ဇွန်လနှင့် ဇူလိုင် လဆန်းပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝယ်ယူမှုများရှိခြင်း‌ကြောင့် ဂျင်းတစ်ပိဿာလျှင် ကျပ် ၇၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

 

လက်ရှိ သြဂုတ်လအတွင်း ဂျင်းတကဈေးပြန်လည်ကျဆင်းလာကာ တစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ်၂၀၀၀ နှုန်းသာ ရှိလာပြီး၊  ယခင်ဈေးနှုန်းထက် ကျပ် ၅၀၀၀ ကွာဟသွားကြောင်း သိရသည်။

#Local_News #အဝယ်နည်းလာသဖြင့် ဂျင်းဈေးထိုးကျ

#YMG/my #Yangon _Times