#Local_News
Published-6-8-2023

မြန်မာ ယူ ၁၂ လူငယ်ဘောလုံးအသင်းနှင့် ဘာစီလိုနာ လူငယ်အသင်းတို့ ယခုလ ဩဂုတ်(၂၄)ရက်နေ့တွင် အုပ်စုအဖွင့်အနေဖြင့် ပွဲဦးထွက်ယှဉ်ပြိုင်ကစားရသွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က သိရသည်။

 

ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် ကျင်းပမည့် U12 Junior Soccer World Challenge 2023 ပြိုင်ပွဲတွင် မြန်မာယူ ၁၂ လူငယ်ဘောလုံးအသင်းက သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

မြန်မာအသင်းနှင့် ဘာစီလိုနာအသင်း ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမည့်အပေါ် ပရိတ်အကြား စိတ်ဝင်စားမှုလည်း မြင့်တက်နေသည်။

 

မြန်မာလူငယ်အသင်းအနေဖြင့် အုပ်စုဒုတိယပွဲစဉ်တွင်  Daiwa House Dream လူငယ်အသင်းဖြင့်လည်းကောင်း၊  ဩဂုတ် (၂၅) ရက်တွင် အုပ်စုနောက်ဆုံးပွဲစဥ်အရ JEF United Chiba U-12 လူငယ်အသင်းများနှင့် ထပ်မံယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

 

ပြိုင်ပွဲအတွက် ဩဂုတ် (၅) ရက်နေ့က လက်ရွေးစင် လူငယ်ဘောလုံးသမား (၁၈) ဦး ကို အပြီးသတ်ရွေးချယ်ပြီးစီးသွားပြီဖြစ်‌ကြောင်း အဖွဲ့ချုပ်ထံက သိရသည်။

 

#Local_News #မြန်မာ ယူ ၁၂ လူငယ်ဘောလုံးအသင်း
#YMG/my#Yangon_Times