Published 5 Nov 2021

မြန်မာနိုင်ငံရဲ့ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး တိုက်ဖျက်မှုနှင့်အကူအညီတွေ ပို့ဆောင်ပေးရေးတို့မြှင့်တင်ဆောင်ရွက်ဖို့ လာရောက်ခဲ့တဲ့ ကုသလမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန်ရဲ့ပြီးဆုံးလို့ ကြာသပတေးနေ့က မြန်မာနိုင်ငံကနေ သူပြန်လည်ထွက်ခွာသွားပြီဖြစ်တယ်လို့ အေပီသတင်းကရေးသားပါတယ်။

“ကျွန်တော့်ရဲ့ အဓိက အာရုံစိုက်ဆွေးနွေးမှုတွေက COVAX အစီအစဉ်ကနေ မြန်မာအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို  ပေးပို့မယ်အစီအစဉ်ကို မြန်မြန်လုပ်ဆောင်နိုင်ဖို့ တိကျတဲ့နည်းလမ်းတွေကို သတ်မှတ်ဖို့နှင့်  ဖြစ်လာ နိင်တဲ့ ကိုဗစ်-၁၉ စတုတ္ထလှိုင်းလျော့ပါးသက်သာစေအောင်ကူညီဖို့ ကိစ္စတွေဖြစ်တယ်” လို့ သူ့ရဲ့ ကမ္ဘာလုံးဆိုင်ရာစေ့စပ်ညှိနှိုင်းမှု ရစ်ချတ်ဆန်စင်တာက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သူကပြောထားပါတယ်။

COVAX ဆိုတာ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးပေးပို့ဖြန့်ဝေမှုမညီမျှမှုမဖြစ်စေဖို့ ဝင်ငွေနိမ့်နှင့်ဝင်ငွေအလယ်အလတ် နိုင်ငံတွေကို ကာကွယ်ဆေးဖြန့်ဝေကူညီတဲ့  ကုလသမဂ္ဂအခြေပြုဆောင်ရွက်မှုအစီအစဉ်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အာရှမှာ အဆင်းရဲဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပါတယ်။

သူ့ရဲ့ခရီစဉ်အတွင်း ရစ်ချတ်ဆန်ဟာ မြန်မာ စစ်တပ်အစိုးရခေါင်းဆာင်နှင့် အခြား ထိပ်တန်းအရာရှိကြီးတွေ၊ သံတမန်အဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနှင့် တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူက လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ဖို့နှင့် ဝေးလံခေါင်ပါးဒေသတွေကို အကူအညီတွေပေးဖို့ ထောက်ခံပြောကြားခဲ့တယ်လို့ သိရပါတယ်။

စွမ်းအင်ဝန်ကြီးနှင့် နယူးမက္ကဆီကိုပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန်တွေထမ်းဆောင်ခဲ့တဲ့ ရစ်ချတ်ဆန်က “ ကုလသမဂ္ဂ၊ အာဆီယံအထူးသံတမန်တို့နှင့် ထိတွေ့ဆက်ဆံဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းအားပေးခဲ့တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မလူးသာမလွန့်သာ အခြေအနေကနေ လွတ်ထွက်ဖို့ ထိုးထွင်းတီထွင်ထားတဲ့ အဖြေတွေကို လည်းအကြံပြုသွားတယ်” လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

အဲဒီအပြင် ရစ်ချတ်ဆန်ဟာ သူ့ရဲ့မြန်မာနိုင်ငံကစင်တာမှာ အလုပ်လုပ်ခဲ့တဲ့ မအေးမိုးဆိုတဲ့ အမျိုးသမီးတစ်ဦး အကျဉ်းကျခံနေရာကနေ လွတ်မြောက်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ရစ်ချတ်ဆန်ကပြောပါတယ်။

သူ့ရဲ့ခရီးမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်သတင်းထောက် ဒင်နီဖင်စတား လွတ်မြောက်ဖို့လုပ်မလားလို့ မျှော်လင့်ထားခဲ့ကြပေမယ့် ယခုသတင်းထုတ်ပြန်ချက်မှာ အဲဒီကိစ္စထည်သွင်းပြောဆိုထားခြင်းမရှိဘူးလို့‌ အေပီကရေးပါတယ်။

.