မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ အခမဲ့ဝင်ရောက်  ဖူးမြော်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့သက်ဆိုင်ရာက ယနေ့ဩဂုတ်၂ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။

ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ဗုဒ္ဓါ ဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားများပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် မဏ္ဍပ်တော်များနှင့် အသုံးအဆောင်ပစ္စည်းများကို  ပြန်လည်သိမ်းဆည်းခြင်း  လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေတဲ့အတွက် ဝင်ရောက်ဖူးမြော်ခွင့်မပေးနိုင်သေးတာဖြစ်တယ်လို့လည်းသိရပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိပြီး၊ဘုရားဖူးလာပြည်သူများအနားယူနိုင်ရန်နှင့် ရုပ်ပွားတော်မြတ်ကြီးအား စိတ်အေးချမ်းသာစွာ ဖြင့်ဖူးမြော်ကြည်ညိုနိုင်ရန် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိ သသာနာ့ဗိမာန်တော်ကြီးနှင့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်  ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာ နာယူကြည်ညိုနိုင်ရေး၊ စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊Romanize Language တို့ဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာ ရုံစေတီ ၇၂၀ကိုလည်း ထည့်သွင်းတည်ဆောက်ထားရှိကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Source ymg/knl