#Local_News
Published _2 August 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်တံတား RP 11 နှင့် RP 12 အကြားတွင် သံဃာတော်တစ်ပါး ခုန်ချမှု ယ‌နေ့ ဩဂုတ်လ ၂ ရက် နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ရေထဲခုန်ချသွားသည့် သံဃာတော်မှာ မွန်ပြည်နယ်၊ ပေါင်မြို့၊ မုတ္တမ၊ ရွှေရင်အေးကျောင်းမှ သက်တော်(၄၉) နှစ်ရှိ ကိုရင်ကြီး ဥူးကောသလ္လ(ခ)ဦးကံဖန်ဖြစ်ကြောင်း သိရသည်။

 

သက်တော်(၅၇)နှစ် ရှိ ဥူးအာစိန္တနှင့် သက်တော်(၄၉) နှစ်ရှိ ကိုရင်ကြီး ဥူးကောသလ္လ(ခ)ဦးကံဖန်တို့ ယနေ့နံနက်ကမော်လမြိုင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံသို့ လာရောက်စဉ်အထက်ပါအတိုင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သက်တော်(၄၉) နှစ်ရှိ ကိုရင်ကြီး ဥူးကောသလ္လ(ခ)ဦးကံဖန် အတွက် မီနီအိုးဝေယာဉ်ဖြင့် ဆေးခန်းပြရန် ထွက်ခွာလာစဉ် ယင်းလမ်းရှိ တံတားပေါ်ရောက်ချိန်တွင် ဥူးကောသလ္လကအပေါ့အပါးသွားလိုကြောင်း ပြော၍ တံတားတစ်ဖက်ခြမ်းသို့လမ်းကူးသွားကာတံတား လူသွားလမ်းလက်ရန်းဘောင်မှ သံလွင်မြစ်အတွင်း ခုန်ချသွားခြင်းဖြစ်‌ကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက သံလွင်မြစ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#Local_News #သံလွင်တံတားပေါ်မှ သံဃာတော်တစ်ပါးခုန်ချမှုဖြစ်
#Yangon_Times/PP