#Local_News
Published-2 August 2023


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတစ်ဦး ထိုင်းထီ ဘတ်ခြောက်သန်းဆု ဆွတ်ခူးသွားကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်ရှိ ရေခဲဆိုင်တွင် ဆယ်စုနှစ်တစ်ခုကျော် အလုပ်လုပ်ကိုင်နေသည့်  မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတစ်ဦးသည် ဇူလိုင် ၃၁ ရက်က ဖွင့်လှစ်သော ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ဘတ်ခြောက်သန်းဆု(ပထမဆု) ကံထူးသွားကြောင်း ထိုင်းသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

 

ထိုင်းထီဆုကြီးကံထူးရှင် မြန်မာလုပ်သားသည် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသော အသက် (၃၆) နှစ်ရှိသူ ဖိုးထူးဖြစ်ကြောင်း သိရသည်။

 

ကံထူးသူ ကိုဖိုးထူးသည် စံခလဘူရီမြို့နယ်ရှိ ကျရုန်ချိုင်ရေခဲဆိုင်တွင် ၁၅ နှစ်ကြာ လုပ်ကိုင်နေသူဖြစ်ပြီး ၎င်းပေါက်သည့် ထီနံပါတ်မှာ 260453 ဖြစ်သည်ဟုသိရပြီးထီဆုကြီးပေါက်ကြောင်း သိရှိပြီးနောက် စံခလဘူရီမြို့နယ်ရဲစခန်းသို့ သွားရောက်၍ ရဲနေ့စဉ်မှတ်တမ်းတွင် အကြောင်းကြားအသိပေးအကူအညီတောင်းခဲ့သည်ဟု သိရသည်။

 

#Local_News #ကရင်တိုင်းရင်းသား၁ဦးဘတ်(၆)သန်းထိုင်းထီပေါက်
#Yangon_Times/PP