#Local_News
Published 2 August 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် ယနေ့  ဩဂုတ် (၂)ရက် နံနက်ပိုင်းက ရွာလုံးကျွတ် ရေနစ်မြှုပ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက် ကယ်ဆယ်အဖွဲ့ထံမှ သိရသည်။

 

ယနေ့ နံနက်ပိုင်းမှ စတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေလွှမ်းမိုးခဲ့ရာ မြေနိမ့်ပိုင်းအတွင်း နေထိုင်သော သူများနေထိုင်၍မရလောက်အောင်ပင် ရေနှစ်မြှုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 

“အနိမ့်ပိုင်းတွေမှာ နေထိုင်တဲ့သူတွေပိုဆိုးပါတယ်။ အခုတော့ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေ ဆက်တိုက်လုပ်ပေးနေပါတယ်။ လောလောဆယ်တော့ ကယ်ဆယ်ရေးကို အဓိက ထားလုပ်နေရတော့ လူဉီးရေစာရင်းတော့ ကောက်ခံတာမျိုးမလုပ်နိုင်သေးဘူး” ဟု ဆိုသည်။

 

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ဒုံဝန်းကျေးရွာတွင် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက်ပေဝက်ခန့်မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်း နေထိုင်သူများရေနစ်မြှပ်သဖြင့် ကူညီ ကယ်ဆယ်ရေးများ ပြုလုပ်ပေးနေရပြီး၊ သေဆုံးမှု တစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။

 

ပြီးခဲ့သော ဇူလိုင် (၃၁ )ရက်က မိုးသည်းထန်စွာရွာသွန်းသဖြင့် တောင်ကျရေများစီးဆင်းပြီး ကဒတ်ချောင်း ရေလျှံလာမှုကြောင့် ကျိုက်ထိုမြို့ပေါ် လူနေရပ်ကွက်များတွင် ရေနစ်မြှပ်မှု ဖြစ်ပွားကာ လူဦးရေ (၂၂၇ )ဉီးအား ဘေးလွှတ်ရာသို့ အရေးပေါ် ပြောင်းရွှေခဲ့ရသည်။

 

မိုး/ဇလ က ဩဂုတ်(၁)ရက်မှ ဩဂုတ်(၃) ရက်နေ့အထိ ရန်ကုန်တိုင်းအပါအဝင် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနသာ်ရီတိုင်းတို့တွင် မိုးအဆက်မပြတ်ရွာသွန်းမည်ဖြစ်၍ အဆိုပါဒေသအတွင်း ရှိ ကုန်းမြင့်များ၌ နေထိုင်သူများ  မြေပြိုခြင်းနှင့် မြစ်ချောင်းနံဘေး မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ရေကြီးရေလျှံဖြစ်ပွားနိုင်သဖြင့် သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။

 

#Ymg/my #Local_News #အလူးလေးကျေးရွာတွင် ရွာလုံးကျွတ်ရေနစ်မြှုပ်
#Yangon_Times