#LocalNews

Published - 4 Nov 2021

ပစ္စည်းရောင်းတာ ၊ လွှဲပြောင်းတာတွေအပါအဝင် ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် ငွေသားပေးချေတဲ့အခါ တစ်ကြိမ်ကို သိန်း ၂၀၀ ထက် မပိုဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုဝင်ဘာလ ၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ငွေပေးချေတဲ့အခါ ပိုမိုထိရောက်ဖို့အတွက် ထုတ်ပြန်တာဖြစ်ပြီး အဲဒီအမိန့်ကိုမလိုက်နာရင် တည်ဆဲဥပဒေ တစ်ရပ်ရပ်နဲ့ အရေးယူခံရမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။

#Yangon_Media_Group