Published_ 1 August 2023

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊  မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွဲကားတစ်စီးအား အခြားယာဉ်တစ်စီးကနောက်မှ ဝင်ရောက်တိုက်သည့် ဖြစ်စဉ်တစ်ခု ယနေ့ ဩဂုတ်(၁) ရက် မွန်းလွဲ (၁၂) နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် နောက်မှ ဝင်တိုက်သည့် Canter ယာဉ်ပေါ်မှ အမျိုးသားနှစ်ဦးမှာ ကားနှစ်စီးအကြား ညပ်မိပြီး သေ ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူအမျိုးသားနှစ်ဦးကို အိုးဘိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ်၊ ပုဂံရပ်ကောင်းမှုတော်ဘုရားအနောက်ဘက် မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် မန္တလေးဘက်သို့မောင်းနှင်နေသော Nissan အမျိုးအစား တွဲကားယာဉ်အား လားရာတူမောင်းနှင်နေသော Canter ယာဉ်က အနောက်မှဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး လူသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times