Published_ 1 August 2023

(၅၃)ကြိမ်မြောက် သိန်း ၅၀၀၀ အထူးဆုကြီး ကို( ခ ၅၁၆၁၅၆ ) နံပါတ်ဖြင့်  မန္တလေးမြို့ “ခိုင်ရွှေဝါ” ထီအရောင်းဆိုင်ကြီးမှ ဘီးလင်းမြို့တွင်နေထိုင်သူ ကိုရဲထွဋ် ဆွတ်ခူးရရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွက် အောင်ဘာလေထီနှင့် အောင်ဘာလေအွန်လိုင်းထီ နှစ်ခုပေါင်း ထီလက် မှတ်ရောင်းရငွေမှာ ကျပ်သန်း (၅၃၀၀) ကျော်ရှိပြီး ယင်းမှ ကျပ်သန်း (၃၇၀၀) ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဘာလေထီဖွင့်ပွဲတွင် အထူးဆုကြီးအဖြစ် ကျပ်သိန်း ငါးထောင် (၁)ဆု၊ ကျပ်သိန်း နှစ်ထောင် (၁)ဆုနှင့် ကျပ်သိန်း တစ်ထောင် (၁)ဆုကို ချီးမြှင့်သွားမည်ဖြစ်ပြီး အခြားဆုမဲအချို့ကိုလည်း အရေအတွက်တိုးမြှင့်ကာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times