Publishded 26 July 2023

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းမှ ပထမအဆင့်ပြီးစီးမည့်တိုက်ခန်း( ၁၂၀၀)ခန့်ကို စတင်ငှားရမ်းနေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာန( ရန်ကုန်တိုင်းဒေသကြီး)မှသိရသည်။

ထိုသို့ငှားရမ်းရာတွင် ပထမအဆင့်ပြီးစီးမည့်တိုက်ခန်းများကို ဝင်ငွေနည်း၍ နေထိုင်ရေး
အခက်အခဲရှိသည့် ပြည်သူ၊ အငြိမ်းစားဝန်ထမ်း နှင့်တာဝန်ထမ်းဆောင်ဆဲနိုင်ငံ့ဝန်ထမ်းများကို ငါးနှစ်သက်တမ်းဖြင့်စတင်ငှားရမ်းနေထိုင်ခွင့်ပြုမည်ဖြစ်ပြီးငှားရမ်းလိုသူများအနေဖြင့်အိမ်ခန်းလျှောက်လွှာများအား သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင်ဝယ်ယူ၍သတ်မှတ်ပုံစံများတွင်ဖြည့်စွက်ပြီးယခုလ ( ၃၁ )ရက်နေ့နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သည်။

အဆိုပါအိမ်ခန်းငှားရမ်းခများကို တစ်လငှားရမ်းခအနေဖြင့် ပထမထပ်ကို ငွေကျပ်၆၇၀၀၀
ကျပ်၊ ဒုတိယထပ်ကို ၆၀၀၀၀ကျပ်၊ တတိယထပ်ကို ၅၅၀၀၀ကျပ် နှင့် စတုတ္ထထပ်ကို ၄၆၀၀၀ကျပ်နှုန်း သတ်မှတ်ထားကြောင်းသုခဒဂုံပြည်သူ့အငှားအိမ်ရာကော်မတီမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အမှတ် ၂ လမ်းမကြီးနှင့်အမှတ် ၇ လမ်းမကြီး မြို့ပတ်လမ်းဆုံအနီးတည်ဆောက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းကို မြေဧရိယာ ( ၁၇၁)ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး ပထမအဆင့်အနေဖြင့် အဆောက်အအုံ ( ၁၉၄ )လုံးကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ( MCEF)နှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်များအသင်းချုပ် ( MLCA)တို့က အဆောက်အအုံ ( ၉၄ )လုံးစီကို ခွဲဝေဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။
Yangon Times/mnd
#Local_News
#YMG #Yangon_Times