Published_ 26 July 2023

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအတွက် သြဂုတ်လအတွင်း အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) က ထုတ်ပြန်ထားသည်။

ယခုနှစ် ဒီဇင်ဘာလ ၃ ရက် တွင် အဆိုပါ စာမေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းလျှောက်လွှာ များကို N1,N2,N3 အဆင့်အတွက်ဩဂုတ်လ ၁၄ ရက် မှ ၁၆ ရက်အထိလည်းကောင်း၊ N4 လျှောက်လွှာများ ကိုဩဂုတ်လ ၁၇ ရက် မှ ၂၂ ရက်အထိလည်းကောင်း၊ N5 လျှောက်လွှာများကို ဩဂုတ်လ ၂၃ရက် မှ ၂၄ ရက်အထိလည်းကောင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်ဘာသာစာမေးပွဲအတွက် စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေးကို N1 နှင့် N2အဆင့်အတွက် စုစုပေါင်း ကျပ် ၅၀၀၀၀ ၊ N3, N4 နှင့် N5 အဆင့်အတွက် စုစုပေါင်း ကျပ် ၄၅၀၀၀ ကျသင့်နှုန်းဖြင့် လူဦးရေမှာ (၅၀၀၀၀)၏ လျှောက်လွှာများကို လက်ခံမည် ဖြစ်ကြောင်းသိရသည်။

သင်တန်းကျောင်းများ ကြိုတင်စာရင်းပေးသွင်းခြင်းအနေဖြင့် Google form မှတစ်ဆင့် ဇူလိုင်လ ၂၄ရက် မှ ကြိုတင်စာရင်းပေးသွင်းနေကြပြီး ယင်းတို့မှာ ဇူလိုင်လ၂၈ ရက်ထိ ပေးသွင်းနိုင်ကြောင်း ၊ သင်တန်းကျောင်း တစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၁၅၀) စောင်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာအရောင်းကာလမှာ ရန်ကုန်စာဖြေဌာနအတွက် သြဂုတ်လ ၉ ရက် မှ ၁၁ ရက်အထိလည်းကောင်း၊ မန်းလေးစာဖြေဌာနအတွက် သြဂုတ်လ ၉ ရက် မှ ၁၀ ရက်အထိဖြစ်ပြီး လျှောက်လွှာများကို ရန်ကုန်စာဖြေဌာန တွင် သြဂုတ်လ ၁၂ရက် မှ ၁၈ ရက်တွင်လည်းကောင်း၊ မန္တလေးစာဖြေဌာနတွင်သြဂုတ်လ၁၂ရက် မှ ၁၄ ရက်အထိလည်းကောင်း ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် ၁၀ နှစ်အောက် ဖြေဆိုသူများ Levelအားလုံးအတွက် လျှောက်လွှာ အရောင်းကာလနှင့်လက်ခံကာလကိုသြဂုတ်လ ၁၃ရက် မှ ၁၅ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times