Published_ 26 July 2023

မုတ်သုန်အားကောင်းပြီး လေဖိအားနည်းရပ်ဝန်း၏သက်ရောက်မှုကြောင့် ရန်ကုန်အပါအဝင်ဒေသအချို့တွင် မိုးသည်းထန်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့်လေဖိအားနည်းရပ်ဝန်းသည် နောက် (၂၄)နာရီအတွင်း အိန္ဒိယနိုင်ငံထဲသို့ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုဆိုသည်။

ထူးခြားချက်အနေဖြင့် ဖိလစ်ပိုင် ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသောတိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီသည်လည်းဇူလိုင်၂၈ရက်တွင်တရုတ်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟုခန့်မှန်းထားသည်။

နောက်နှစ်ရက်အတွင်းတနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့တွင်မိုးပိုမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုန်းရွာမည်ဖြစ်သလို မန္တလေးနှင့် နေပြည်တော်တွင်လည်း နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။

အခုရက်ပိုင်းအတွင်း စစ်တွေ၊ရေး။ပြည်၊ကျိုက်မရော၊ဘားအံ၊ခန္တီး၊တမူး၊ပေါင်၊ရန်ကုန်မင်္ဂလာဒုံ၊ ပူတာအို၊သထုံတို့တွင် မိုးသည်းထန်ခဲ့ပြီး မိုးရေချိန်များများခဲ့သည်။
Yangon_Times/tthl
#Local_News
#YMG #Yangon_Times