Published_ 26 July 2023

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြာင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့သူ ပြည်သူများအား မိတ္တာ(Matta Clinic)အဖွဲ့က နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။

မိတ္တာအဖွဲ့အနေဖြင့်  လက်ရှိတွင် ရသေ့တောင်မြို့နယ်၊ ပေါက်တောမြို့နယ် ၊ ဘူးသီးတောင်မြို့နယ် သုံးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ ကွင်းဆင်းကာ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိသည်ဟု သိရသည်။

ယင်းသို့ ပြုလုပ်ပေးရာတွင် ပြီးခဲ့သော ဇွန်လမှာစတင်ကာ ယနေ့အချိန်အထိ ကျေးရွာပေါင်း (၃၀)ခန့်ရှိ ကျေးရွာသူ/ကျေးရွာသားများအား နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။

အဆိုပါအဖွဲ့အနေဖြင့် ရခိုင် ပြည်နယ်အတွင်း အိမ်တိုင်ရာ ရောက် ဆွေးနွေးနှစ်သိမ့်မှုများ ပြု လုပ်ပေးနေသလို၊ အွန်လိုင်းမှတဆင့်လည်း ပြုလုပ်ပေးလျက်ရှိပြီး၊ ယင်းအတွက် အခကြေးငွေယူခြင်းမရှိဘဲ ဝန်တောင်မှုပေးနေခြင်းဖြစ်သည်။
Yangon_Times/my
#Local_News
#YMG #Yangon_Times