Published_ 25 July 2023

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဆရာတော်တစ်ပါးဖြစ်သော ဘဒ္ဒန္တဝေပုလ္လ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်ကြောင်း ဆရာတော်၏တပြည့် ဒယကာတစ်ဦးက လူမှုဖေ့ဘွတ်စာမျက်နှာပေါ်တွင်မျှဝေထားသည်။

ဆရာတော်သည် ယနေ့ ဇူလိုင်လ (၂၅) ရက် နံနက် ၅ နာရီအချိန်တွင် ရန်ကုန်မြို့ဂရန်းဟံသာဆေးရုံကြီးတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ဖျာပုံဆရာတော် ဘဒ္ဒန္တဝေပုလ္လ၏ ဥတုဇရုပ်ကလာပ်တော်အား ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု သိရသော်လည်း Yangon Times အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဆရာတော်၏ရုပ်ကလာပ်ကို မည်သည့်ရက်တွင် သဂြိုဟ်သွားမည်ဆိုသည်ကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နိုင်ငံတော်သြဝါဒစရိယဆရာတော်တစ်ပါးဖြစ်သည့် ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ (ဖျာပုံဆရာတော်)သည် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကကပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မ ဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ စသည့် ဘွဲ့တော်များဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် (ငြိမ်း) တို့၌ တွဲဖက်၍ သာသနာ့ဝန်ကို ထမ်းရွက်ခဲ့သည့် ဆရာတော်တစ်ပါးလည်းဖြစ်
သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times