Published_ 25 July 2023

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုခဲ့ကြောင်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကနေ သိရပါတယ်။

ယင်းအစည်းအဝေးကို နစက အဖွဲ့ဝင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နဲ့ ကော်မရှင်အဖွဲ့များ ဇူလိုင်လ ၂၄ရက်နေပြည်တော်တွင် ကျင်းပခဲ့ကြကြောင်း
သိရသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၀ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၀ ခုကို ခွင့်ပြုပေးခဲ့ကြောင်းသိရပြီးလုပ်ငန်းသစ်များ၏ရင်းနှီးမြှုပ်နှံမှု ပမာဏသည်  အမေရိကန်ဒေါ်လာ သန်း ၄၄၀ ကျော်နှင့် ငွေကျပ်သန်းနှစ်သိန်းခွဲ ကျော်ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၇၆၀၀ ကျော် ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇွန်လကုန်အထိ  ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသည့် နိုင်ငံ​များမှာ စင်ကာပူ၊ တရုတ် နှင့် ထိုင်းနိုင်ငံ ဖြစ်ကြပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် အများဆုံးကဏ္ဍအနေဖြင့်  လျှပ်စစ်ကဏ္ဍတွင် ၂၈ ရာခိုင်နှုန်းကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်၂၄ ရာခိုင်နှုန်းကျော်နှင့် စက်မှုကဏ္ဍတွင်  ၁၄ ရာခိုင်နှုန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်းလည်းသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times