Published 2 November 2021

ကုလသမဂ္ဂသံအမတ်ကြီးဟောင်း ဘီလ်ရစ်ချတ်ဆန်ရဲ့ မြန်မာနိုင်ငံကိုသွားရောက်တဲ့ ပုဂ္ဂလိက မစ်ရှင်ကို မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးပို့မှု မြန်ဆန်ရေးအတွက် ထောက်ပံ့ကူညီနိုင်တဲ့ ဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုအဖြစ်  အမေရိကန်အစိုးရက ကြိုဆိုလိုက်တယ်လို့ အေပီသတင်းကရေးသားပါတယ်။

ရစ်ချတ်ဆန်ရဲ့ ခရီးဟာ သူ့ကိုယ်ပိုင်ဖြစ်ပေမယ့် အလွန်လိုအပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအကူအညီတွေနှင့် အခြား လက်ငင်းလိုအပ်တာတွေကို ခွင့်ပြုပေးဖို့ မြန်မာခေါင်းဆောင်တွေကို သိမ်းသွင်းစည်းရုံးရာမှာ အကူအညီဖြစ်စေနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“ အုပ်ချုပ်ရေးမှူးရစ်ချတ်ဆန်ဟာ လူသားချင်းညှာတာထောက်ထားမှုကိစ္စတွေမှာ အလွန်ကျယ်ပြန်တဲ့ လုပ်ငန်းအတွေ့အကြုံ တွေရှိထားသူဖြစ်ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

“ သူ့ကြိုးစားအားထုတ်မှုအပေါ် အမေရိကန်အစိုးရက ထောက်ပံ့ပေးတာ၊ အမေရိကန်အစိုးရကိုကိုယ်စားပြုတာ မဟုတ်ပေမယ့်  သူ့ခရီးဟာ လူသားချင်းညှာတာထောက်ထားမှုအလုပ်တွေလုပ်နိုင်ဖို့ တိုးတက်မှုဖြစ်စေလိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်ပြောပါတယ်။

“ လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာကိစ္စတွေနှင့် ကျန်းမာရေးဟာ မြန်မာနိုင်ငံမှာ အလွန်ကို အရေးတကြီးလိုအပ်နေတာဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရအနေနှင့် အကြမ်းဖက်မှုတွေရပ်တန်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာကူညီမှုတွေ မဆိုင်းမတွခွင့်ပြုဖို့ နှင့် ကျန်းမာရေးနှင့် လူသားချင်းအကူအညီပေးရေးလုပ်သားတွေရဲ့လုံခြုံရေးအပေါ် အာမခံပေးဖို့ ဆက်လက်တောင်းဆိုပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကဆက်လက်ပြောဆိုပါတယ်။

Source AP