ဇူလိုင်-၁၆၊၂၀၂၃

ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပြီးစီးမှုအခြေအနေများကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင် ၁၆ ရက်နေ့က ရှင်းလင်းပြသသည့်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် ယာယီသမ္မတ ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါအခမ်းအနားသို့ ဦးသိန်းစိန်၊ဦးမြင့်ဆွေတို့နှင့်အတူ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနှင့်  ဦးသိန်းစိန်အစိုးရ လက်ထက်မှ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်အစိုးရထိပ်တန်းပုဂ္ဂိုလ်များ   တက်ရောက်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။

ဦးဆောင်ဘုရားဒါယကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ းကျောက်တုံးတော်ကြီးများကို အပိုင်းလိုက်ခွဲ၍ရေကြောင်း ကုန်ကြမ်းအဆင့်ဆင့်သယ်ယူခဲ့ခြင်းမှစပြီး ယခုနောက်ဆုံး ဆောင်ရွက်နေသည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းပြောပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခမ်းအနားတက်ရောက်လာကြသူတွေဟာ  မာရဝိဇယဘုရားကြီးနှင့် ဗုဒ္ဓဥယျာဉ်ပုံစံငယ်များ၊ ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် RomanizeLanguage တို့ဖြင့်ရိုက်နှိပ်ထားမှုနှင့် Tablet များအတွင်းထည့်သွင်းထားရှိမှုများကို ကြည့်ရှုခဲ့ကြပါတယ်။

အဲဒီနောက် လုမ္ဗိနီအင်ကြင်းပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီးနောက်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းလှည့်လည်ကြည့်ရှုဖူးမြော်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။