Published_ 15 July 2023

‘၂၀၂၃ အပြည်ပြည်ဆိုင်ရာလူငယ်များ နွေရာသီစခန်းချပွဲနှင့် ယဉ်ကျေးမှုဖလှယ်ပွဲ’ (BRIDGE Summer Camp - 2023) သို့တက်ရောက်ရန်နှင့် ဂျပန်နိုင်ငံရှိ ဂျပန်မိသားစုတွင်Home Stayနေထိုင်ရန် မြန်မာကျောင်းသားလူငယ်ခြောက်ဦး ဂျပန်နိုင်ငံသို့ ဇူလိုင်လ၁၄ရက်၌သွားရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါ “၂၀၂၃ အပြည်ပြည်ဆိုင်ရာ လူငယ်များ နွေရာသီစခန်းချပွဲနှင့် ယဉ်ကျေးမှုဖလှယ်ပွဲ’’ကို
၂၀၂၃ ဇူလိုင် ၁၅ ရက်မှ ၂၅ ရက်အထိ Asia Pacific Children Convention (APCC) ကကြီးမှူးပြီး ဂျပန်နိုင်ငံ ဖူကူအိုကာ (Fukuoka) မြို့၌ကျင်းပမည်ဖြစ်သည်။

ယင်းပွဲကိုပါဝင်တက်ရောက်ရန်အတွက် မြန်မာ-ဂျပန်အသင်း(MJA)မှဦးစီး ရွေးချယ်စေလွှတ် သည့် Junior Ambassadorကျောင်းသားကျောင်းသူ လေးဦးအပါအဝင် ကျောင်းသားလူငယ်ခြောက်ဦး သည် မြန်မာ-ဂျပန်အသင်းအတွင်းရေးမှူးက အုပ်ချုပ်သူအဖြစ် ဦးဆောင်လိုက်ပါပြီးဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်လေဆိပ်မှ ဂျပန်နိုင်ငံသို့ထွက်ခွာသွားခြင်းဖြစ်သည်။

မြန်မာကျောင်းသား လူငယ်အဖွဲ့သည် အာရှပစိဖိတ်ဒေသ ၄၁ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ စခန်းချပွဲနှင့်ယဉ်ကျေးမှုပွဲတော်သို့ ပါဝင်တက်ရောက်မည် ဖြစ်ပြီး ဂျပန်မိသားစုများ နေအိမ်တွင်လည်း Home Stay အဖြစ်နေထိုင်ကြမည်ဖြစ်သည်။

ယင်းယဉ်ကျေးမှုပွဲတော် အခမ်းအနားကို ဖူကူအိုကာမြို့တွင်ဇူလိုင်၂၁ရက် (သောကြာနေ့)ဒေသစံတော် ချိန် ၁၄:၃၀ နာရီ (မြန်မာစံတော်ချိန်၁၂:၀၀နာရီ) တွင်ကျင်းပမည်ပြီးYouTubeမှ တိုက်ရိုက်ထုတ်လွှင့် (Live) မည်ဖြစ်ရာ မြန်မာလူငယ်အဖွဲ့သည် အမှတ်စဉ်(၁၁) အဖြစ် မြန်မာစံတော်ချိန် ၁၃:၁၀ နာရီတွင် ဖျော်ဖြေ ကပြရမည်ဖြစ်ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times