Published_ 15 July 2023

မရမ်းကုန်းမြို့နယ် ဥက္ကလာလမ်းမ ကျောက်ရေတွင်းအနီးတွင် ယမန်နေ့ညပိုင်းက ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား၁ဦးသေဆုံးခဲ့ကြောင်း သုဇိတာပရဟိတအဖွဲ့ကသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် ၊ ည ၁၁ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် ဥက္ကလာလမ်းမ ကျောက်ရေတွင်းအနီးတွင် အိမ်စီးကားနှင့်ဟိုက်ဂျက်ယာဉ်တို့ ဝင်တိုက် မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ည ၁၁ လောက် မှာ ဟိုက်ဂျက်နဲ့ အိမ်စီးကား တိုက်တာပါ။  ဟိုက်ဂျက်ပေါ်မှာ ပါလာတဲ့ အမျိုးသား၂ဦးမှာ ၁ဦးသေဆုံးသွားပါတယ်။ ဟိုက်ဂျက်ကားကလည်း တော်တော်လေး ပျက်စီးသွားတယ်"ဟု အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။

အခင်းဖြစ်ပွားရာသို့ သက်ဆိုင်ရာပရဟိတအသင်းများ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times