Published_ 16 July 2023

လျှပ်စစ်သုံးမော်တော်ယာဉ်EVကား(၃၇)စီးနှင့်အားသွင်းစက်(၃၀)ခုရန်ကုန်ဆိပ်ကမ်းသို့ထပ်မံရောက်ရှိလာကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ခွင့်ပြုချက် ဖြင့် Amazing Auto Co.ltdမှ EVကား၃၇စီးနှင့် Grand Sirius Co.Ltdမှတင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်(EV Charger/60KW)အခု(၃၀)တို့ရောက်ရှိလာသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့်အဆိုပါလျှပ်စစ်မော်တော်ယာဉ်များနှင့်အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသည်ဟုဆိုသည်။

အခုရောက်ရှိလာသည့် EVကားအမျိုးအစားသည် Faw Toyota BZ4xအမှတ်တံဆိပ်အမျိုးအစားဖြစ်ပြီး (၃၇)စီးဝင်ရောက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဇူလိုင်လ(၁၀)ရက်ကလည်း MGအမှတ်တံဆိပ် EVကား(၅၅)စီး ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိခဲ့ ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times