Published 2 November 2021

ယခုနှစ် ဖေ​ဖော်ဝါရီလမှစ၍ ​ပြီးခဲ့တဲ့ အောက်တိုဘာလကုန်အထိ (၉)လတာ ကာလအတွင်း အကျဥ်းသား/သူ

စုစု​ပေါင်း​(၄၇၈၆၉)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး အမှု​ပေါင်း(၄၄၃၄)မှုကိုလည်း ပိတ်သိမ်း​ပေးခဲ့​တယ်လို့ သိရပါတယ်။

 

ယ​နေ့အချိန်ထိ နောက်ဆုံးရရှိထားသည့် ကိန်း​ဂဏန်းအချက်အလက်များအရ ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားပေါင်း ၂၃၃၆၉ ဦးကို ပြစ်ဒဏ်ကနေလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့​​​သလို ဧပြီလ၊ သင်္ကြန်အပြီး (မြန်မာ့နှစ်ဆန်းတစ်ရက်နေ့)မှာလည်း အကျဥ်းသား​ပေါင်း ၂၃၁၈၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့​ပြီး အလားတူ သီတင်းကျွတ် လပြည့်နေ့မှာလည်းထပ်မံ၍ အကျဥ်းသား​ပေါင်း ၅၆၃၆ ယောက် အပါအဝင်

အမှုပိတ်သိမ်းသူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

 

ထို့အတူပဲ NCA (၆)နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာလည်း အကျဥ်းသား​ပေါင်း ၁၁၄ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အတွက် ယခုနှစ်၏ (၉)လတာ ကာလအတွင်း

လွတ်ငြိမ်းခွင့်ပေးခဲ့သူ အကျဥ်းသားအ​ရေအတွက်က (၄၇၈၆၉)ဦးအထိ ရှိခဲ့ပြီး၊ အမှုပိတ်သိမ်းမှုပေါင်းက (၄၄၃၄)မှုအထိ ရှိခဲ့တာ ဖြစ်တယ်လို့ နစကဥက္ကဋ္ဌရဲ့ (၉)လပြည့် မိန့်ခွန်းမှာဖော်ပြထားပါတယ်။

 

အခုလိုကာလမှာ အကျဥ်းသား/သူ​တွေကို လွတ်ငြိမ်းချမ်းသာခွင့်​ပေးခဲ့တာဟာ

နိုင်ငံကို တိုးတက်အောင်၊ တည်ငြိမ်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြဖို့ အတွက်ဖြစ်တယ်လို့လည်း

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်က ယမန်​​​နေ့ နိုဝင်ဘာ ၁ ရက်​နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉)လပြည့် မိန့်ခွန်းမှာ ထည့်သွင်း​ပြောကြားခဲ့တာပါ။

 

"ကျွန်တော်တို့ အပေါ်မှာလည်း နိုင်ငံရေးအရပေါ့ဗျာ။ ဝေဖန်မှုတွေ မျိုးစုံ၊ ကန့်သတ်မှုတွေ မျိုးစုံနဲ့ ကြုံနေရတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားများဟာ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတဲ့ စကား အတိုင်းပဲ ကိုယ့်အားကိုယ် ကိုးပြီးတော့မှ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာရှိတဲ့အတွက် ကြောင့် ပြည်သူတွေရဲ့အားကို အားကိုးပြီးတော့မှ ဆောင်ရွက်သွားမယ် ဆိုလို့ရှိရင် နိုင်ငံအတွက် များစွာကို တိုးတက် ပြောင်းလဲမှုရှိနိုင်တယ်ဆိုတာ ကျွန်တော် အပြည့် အဝယုံကြည်ပါတယ်။"လို့

နစက ဥက္ကဌ ​က ၄င်း၏မိန့်ခွန်းမှာ ထည့်သွင်း​ပြောကြားခဲ့တာဖြစ်ပါတယ်။